Publications

Myat Kyawt Magnificent Humor Book Myat Kyawt Magnificent Humor Book Myat Kyawt Magnificent Humor Book
Myat Kyawt Magnificent Humor Book

This series explores the artistry of Myat Kyawt (1966), a prominent contemporary artist from Myanmar, through his innovative works Magnificent Humour. The series analyses how Myat Kyawt adeptly navigates the complexities of globalisation, identity, political discourse, and resistance within his art, using a series of visual statements to convey his message.

By examining the fusion of traditional identity with global cross cultural influences, the hybridisation of artistic styles, this series delves into how Myat Kyawt's works serve as both a form of political commentary and a means of expressing dissent while fostering dialogues.

Through a critical lens, the series also discusses the stories of artists who have confronted censorship and transcended boundaries. Ultimately, Myat Kyawt's Magnificent Humour invites viewers to question the state of the world and find solace in laughter amidst the prevailing challenges of our time

Download PDF file

2023-Sept-22

Evolution of Myanmar Abstract Art Book
Evolution of Myanmar Abstract Art Book

ဆင့်ကဲပြောင်းလဲ မြန်မာ အက်စ်ထရရှ်က် ပန်းချီစာအုပ်ဟာ မြန်မာခေတ်ပေါ် ပန်းချီလောကရဲ့ ဆင့်ကဲ ဖြစ်ထွန်းတိုးတက်မှုများနဲ့ အပြောင်းအလဲများကို ဘက်စုံထောင့်စုံကနေ ချဉ်းကပ်ထားပါတယ်။ မြန်မာအရွေ့ကို ချဉ်းကပ်တဲ့အခါ အနောက်တိုင်းရဲ့ အရွေ့ အရှေ့တောင်အာရှရဲ့ အရွေ့များကိုလည်း ချန်လှပ်ဖို့ရာ မဖြစ်နိုင်။ ပန်းချီလမ်းကြောင်းများဟာ ပြတ်ပြတ်ထင်ထင် သီးသန့်ဖြစ်ထွန်းနေတာမျိုး မရှိ။ နိုင်ငံတကာရဲ့ ယဉ်ကျေးမှုများဟာ တစ်ခုနဲ့ တစ်ခု ကူးလူး ဆက်စပ်နေပါတယ်။

ဆင့်ကဲပြောင်းလဲ စာအုပ်မှာ မြန်မာ့ပန်းချီအရွေ့နဲ့အတူ နိုင်ငံတကာ အရွေ့များကိုပါ မြင်ရဖတ်ရပါလိမ့်မယ်။ ဒါ့အပြင် ပန်းချီပြခန်းတွေဟာ ပန်းချီအရွေ့များအတွက် ဘယ်လောက်တောင် အရေးပါသလဲဆိုတာကိုလည်း မမေ့မလျှော့ထည့်သွင်းထားပါတယ်။

ပန်းချီဝါသနာအိုးများ ၊ စိတ်ပါဝင်စားသူများ၊ ပြခန်းများသာမက ခေတ်သစ်ပန်းချီကို မြည်းစမ်းချင်သူများ အကြိုက်တွေ့မယ့် စာအုပ်ကြီး ဖြစ်ပါတယ်။ ပန်းချီကားကြီးများကို အားရပါးရ ကြည့်ရှုခံစားနိုင်ဖို့ စာအုပ်ဆိုဒ်ကို သာမန်မဂ္ဂဇင်းတွေထက် ပိုကြီးတဲ့ ဆိုဒ်ကြီးလုပ်ထားပါတယ်။

သိမ်းဆည်းသူတွေအကြိုက် တစ်အုပ်လုံးကို ကြွေစက္ကူပေါ်မှာ ရောင်စုံပုံနှိပ်ထားပါတယ်။ ခင်မောင်ရင်၊ ပန်းချီပေါ်သိမ်း ၊ ကြီးမြင့်စော၊ အောင်ချိမ့်၊ အောင်မင်း၊ ခင်မြဇင်၊ အောင်ခင်မြင့် ၊ နိုင်စွမ်း၊ သွေး(စစ်ကိုင်း)၊ ကျော်လင်းဆွေ၊ ဆန်းထွန်သောင်နဲ့မျိုးမြတ်သူ တို့ရဲ့ လက်ရွေးစင် အက်ဆေး၊ ဆောင်းပါးများ ကို စုစည်းထားပါတယ်။ ဆင့်ကဲပြောင်းလဲ စာအုပ်ရဲ့ Special Report အဖြစ် ပါဝင်မယ့် အထူးစာတမ်း နှစ်ပုဒ်ရှိပါတယ်။

တစ်ခုကတော့ Yin Ker ရဲ့ ထူးခြားသော မြန်မာပန်းချီဆရာတစ်ဦး၏ အမွေအနှစ်ကို ထုတ်ဖော်ခံစားခြင်း - ဗဂျီအောင်စိုး) ဖြစ်ပြီး နောက်တစ်ခုကတော့ အောင်မြတ်ဌေးရဲ့ မျိုးဆက်များဆီက သင်ယူခြင်း- (Myanmar Modern Art သမိုင်းကြောင်း ဖြစ်ပေါ်တိုးတက်မှု ဆန်းစစ် သုံးသပ်ချက်များ) ဖြစ်ပါတယ်။

ကြိုတင်မှာယူသူတိုင်းအတွက်

💝ပို့ခ အခမဲ့(စာအုပ်သံတမန်မြို့များသာ)

✅ဆင့်ကဲပြောင်းလဲ
✅ကလောင်စုံ
✅ တန်ဖိုး - ၂၈၀၀၀ကျပ်
✅ကြွေစက္ကူ၊ စာမျက်နှာ ( ဆိုဒ်)
✅စာအုပ်ဖြန့်မည့်နေ့ - ၂၁၊ ၂ ၊၂၀၂၃
စာအုပ်မှာယူရန် အောက်ပါလင့်ခ်ကို နှိပ်ပါ

အော်ဒါမှာရန် နှိပ်ပါ
👍ဖုန်းနဲ့ဆက်သွယ်မှာယူလိုပါက ☎️09250091913 ☎️09254192489 ☎️09972293371 တို့ကို နေ့စဉ် မနက်ကိုးနာရီမှညနေ ငါးနာရီအတွင်း (တနင်္ဂနွေမပါ) မှာယူနိုင်ပါတယ်။
👍App လေးနဲ့လည်း ခေတ်မီမိီ မှာယူနိုင်ဖို့ WE Bookstore App လေးကို ဒေါင်းထားပါဦးနော်။
WeCreation App
👍ဖေ့စ်ဘုတ် မက်ဆင်ဂျာကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပတ်များပေးပို့မှာယူနိုင်ပါတယ်။
ဒါပေမယ့် ဖေ့စ်ဘုတ် မက်ဆေ့ Reply ပြန်ဖို့ အချိန်ကြာနိုင်တာကြောင့် အထက်ပါ သုံးမျိုးနဲ့ ဦးစာပေးမှာယူကြပါနော်။

2023-Feb-10